ဝင်းနဲ့ဇော်အပါအဝင်သေဒဏ်ကျထိုင်းအကျဥ်းသားများ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ပြောင်းလဲသတ်မှတ်

#ဝင်းနဲ့ဇော် #ခိုတောင်ကျွန်း
ဝင်းနဲ့ဇော် အပါအဝင် သေဒဏ်ကျ ထိုင်းအကျဥ်းသားများ အားထိုင်းဘုရင်ရဲ့​ပြစ်ဒဏိလျှော​ပေးမူ​​​ဖြင့်တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ပြောင်းလဲသတ်မှတ်

၁၄- ၈-၂၀၂၀

ဝင်းနဲ့ဇော် အပါအဝင် သေဒဏ်ကျ ထိုင်း အကျဥ်းသားများအား လုံးကို ထိုင်းဘုရင်ရဲ့ ပြစ်ဒဏ်လျော့ပေးမှုဖြင့် သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ပြောင်းလဲခဲ့ကြောင်း ထိုင်းအစိုးရကြေညာခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရက ယနေ့ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ထိုင်းဘုရင်ရဲ့ ကြေညာချက် ပုဒ်မ ၁၅ အရ ထိုင်းနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေမှာ သေဒဏ်ကျခံနေရတဲ့အကျဉ်းသားတွေကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်အဖြစ် လျှော့ချသတ်မှတ်ဖို့ ပါဝင်ခဲ့တယ်လို့ သိရသည်
အဲ့ဒီအတွက် ထိုင်းနိုင်ငံ ခိုတောင်ကျွန်းလူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာ့ပြောင်းရွှေ့လုပ်သားနှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ ဇော်တို့လည်း ပြစ်ဒဏ်လျှော့ချမှုမှာ ပါဝင်တယ်လို့ ဝင်းနဲ့ဇော်တို့ဘက်က အမှုလိုက်ပေးနေတဲ့ ရှေ့နေ Andy Hall က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထား​ကြောင်းသိရသည်

သတင်း ဆောင်းပါး စာပေ ပညာ ဗဟုသုတ သုတရသ အထွေထွေကိုနေ့စဉ်တင်ဆက်ပေးနေပါပြီ