ထောင်ကလွတ်လာတာ မကြာသေးတဲ့ မေသန်းနု ထပ်မံတရားစွဲခံရပြန်ပြီ

#မေသန်းနု #ဒေါ်စန်းစန်းမြင့်
ထောင်ကလွတ်လာတာ မကြာသေးတဲ့ မေသန်းနု ထပ်မံတရားစွဲခံရပြန်
သရုပ်ဆောင် မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ် တစ်နှစ် ကျခံဖို့ ဇန်နဝါရီ (၂) ရက်နေ့ ရန်ကင်းတရားရုံးမှ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာတော့ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ထောင်ကလွတ်မြောက်လာပြီးနောက်မှာတော့ မေသန်းနုဟာ သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်သွားခဲ့တာပါ
ယနေ့မှာတော့ မေသန်းနုဟာ သင်္ဃန်းကျွန်း တရားရုံး ရုံးချိန်းသို့ တက်ရောက်လာတာကိုတွေ့ရတာဖြစ်ပါတယ် ယနေ့ရုံးချိန်းအခြေအနေကိုတော့ တရားလို ဒေါ်စန်းစန်းမြင့်က အခုလို ပြောပြလာခဲ့တာပါ“ ဒီနေ့ ရုံးချိန်းကတော့ တရားလိုဖြစ်တဲ့ ကျွန်မကို စစ်ဆေးနေတုန်းပါပဲ။အမှုက မပြီးသေးပါဘူး ကျွန်မ ပိုက် ဆံလည်းငါးပြားတစ်ချပ်မှ မရသေးပါဘူး။ အမှုက ပြီးစရာတော့ အကြောင်းမရှိဘူး။
ဒီအမှုက လှည်းတန်း(၆) လမ်းမှာရှိတဲ့ ကျွန်မရဲ့ အိမ်ကို ပေါင်သွားလို့ ကိုသူခက်ကတော့ ပြေးနေ တယ်။ အဲဒီအတွက် မေသန် းနုကို စစ် မှာပေါ့။ ကျွန်မကတော့ ကိုယ်ဆုံးရှုံးသွားတဲ့ ပိုက်ဆံလေး ပြန်ရဖို့အတွက် တရားစွဲတာပါ။ ကျွန်မ ပိုက်ဆံလေး ပြန်ပေးပါလို့ တောင်းပန်ချင်ပါတယ်” လို့ သူက ဆိုပါတယ်။ဒေါ်စန်းစန်းမြင့်နဲ့ သရုပ်ဆောင်မင်းသမီးကြီး မေသန်းနုရဲ့ ငွေကြေးပြဿနာကတော့ ရှပ်ထွေးနေဆဲပါပဲ ပရိသတ်ကြီးရေမေသန်းနုတယောက် အမြန်ဆုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

သတင်း ဆောင်းပါး စာပေ ပညာ ဗဟုသုတ သုတရသ အထွေထွေကိုနေ့စဉ်တင်ဆက်ပေးနေပါပြီ