ပြစ်ဒဏ် (၃)လအမိန့်ချမှတ်ခံခဲ့ရသော ဒေးဗစ်လား အမိန့်ချမှတ်ပြီး ၉ရက်အကြာတွင် လွတ်မြောက်

ပြစ်ဒဏ် (၃)လအမိန့်ချမှတ်ခဲ့သော ဒေးဗစ်လား အမိန့်ချမှတ်ပြီး ၉ရက်အကြာတွင် လွတ်မြောက်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ဦးဒေးဗစ်(ခ )စောဒေးဗစ်(ခ) ဒေးဗစ်လား နှင့် ဦးဝေထွန်း တို့အမှုကို သြဂုတ်(၆) နံနက်(၁၀)နာရီခန့်က (၁၅)ကြိမ်မြောက်ရုံးချိန်းတွင်မရမ်းကုန်းမြို့နယ်တရားရုံးမှ ပုဒ်မ- ၃၀(က)အရ အလုပ်နှင့်ထောင်ဒဏ်(၃)လ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းမှာ ယနေ့ ဩဂုတ်လ ၁၄ရက်နေ့ ၁နာရီ ၅၀မိနစ်ခန့်မှ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသားထောင်ဝင်အမှတ် အစ/၂၀/၁၃၄၀၂ ကနေဒါနိုင်ငံသား ဦးဒေးဗစ်(ခ)စောဒေးဗစ်(ခ) ဒေးဗစ်လား (၄၂)နှစ်က လွတ်မြောက်ခြင်းဖြစ်သည်။ဒေးဗစ်လားကိုမရမ်းကုန်မြို့နယ်တရားရုံး၏ပြစ်မှုအမှတ်၊ ၆၈၅/၂၀၂၀၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အက်ဥပဒေ ပုဒ်မ၃၀(က)ဖြင့် ပြစ်ဒဏ် (၃)လ အမိန့် ချမှတ်ခဲ့ရာမှချုပ်ရက်နှင့် ပြစ်ဒဏ်လျော့ရက်များကြောင့် အမိန့်ချမှတ်သည့်နေမှ ၉ရက်အကြာတွင် လွှတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် တရားလိုပြသက်သေ(၁၂)ဦး၊ တရားခံပြ သက်သေ(၆)ဦးတို့၏ ရုံးရှေ့ထွက်ဆိုချက်များ စစ်ဆေးပြီးနောက် ဇူလိုင်လ (၂၃)ရက်နေ့တွင် နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ကို ကြားနာ၍ တရားစွဲခဲ့ပြီးနောက်(၅၉)အကြာ (၁၅)ကြိမ်မြောက် ရုံးချိန်းတွင် မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏သဘာဝ ဒေသန္တရ အမိန့်ကို လိုက်နာရန် ပျက်ကွက်သဖြင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ- ၃၀(က)အရ အလုပ် နှင့် ထောင်ဒဏ်(၃)လ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း ဆောင်းပါး စာပေ ပညာ ဗဟုသုတ သုတရသ အထွေထွေကိုနေ့စဉ်တင်ဆက်ပေးနေပါပြီ